[Unicode]

တရားထိုင်ခြင်းဟာ ကျန်းမာရေးရှု့ထောင့်ကနေ ကြည့်မယ်ဆိုရင် အင်မတန်အကျိုးကျေးဇူးရှိတဲ့ အလေ့အကျင့်တစ်ခုလို့ဆိုရပါမယ်။တစ်နေ့ကို နာရီဝက်လောက်တရားထိုင်ပေးခြင်းဖြင့် ရက်အနည်းငယ်ကြာတဲ့အခါ သင့်ရဲ့စိတ်နဲ့ခန္ဓာကိုယ်မှာပြောင်းလဲလာမှုတွေကို ထူးထူးခြားခြားခံစားရစေမှာဖြစ်ပါတယ်။တရားထိုင်ခြင်းဖြင့် ဘယ်လိုအကျိုးကျေးဇူးတွေကို ရရှိစေမလဲဆိုတာ ဆက်ဖတ်ကြည့်လိုက်ရအောင်။

(၁) စိတ်ဖိစီးမှု လျော့ကျစေတယ်

Source : Shutterstock

လေ့လာတွေ့ရှိချက်တွေအရ စိတ်ဖိစီးမှုလျော့ကျစေတဲ့ အကောင်းဆုံးနည်းလမ်းတစ်ခုက တရားထိုင်ခြင်းပဲ ဖြစ်ပါတယ်။ ယနေ့ခေတ်လူအများစုမှာ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ စိတ်ဖိစီးမှုတွေနဲ့ ရင်ဆိုင်နေကြရပြီး အိပ်မပျော်ခြင်း စိတ်ဓာတ်ကျခြင်း စိုးရိမ်စိတ်များခြင်း သွေးပေါင်ချိန်မြင့်တက်ခြင်း ပင်ပန်းနွမ်းနယ်ခြင်း အာရုံစူးစိုက်လို့မရခြင်းစတဲ့ကျန်းမာရေး ပြဿနာတွေခံစားနေကြရတာဖြစ်ပါတယ်။သင်ဟာ နေ့စဉ်ဒီလိုလက္ခဏာတွေ ခံစားနေရတယ်ဆိုရင်တော့ တစ်ရက်ကိုနာရီဝက်လောက်အချိန်ပေးပြီး တရားထိုင်ကြည့်ဖို့ အကြံပြုချင်ပါတယ်။

(၂) စိုးရိမ်ပူပန်မှုတွေ ထိန်းချုပ်လာနိုင်မယ်

Source : Shutterstock

စိုးရိမ်ပူပန်မှုဖြစ်တယ်ဆိုတာကလည်း တစ်နည်းအားဖြင့် စိတ်ဖိစီးမှုတစ်မျိုးပါပဲ။ လူတစ်ယောက်နဲ့ တစ်ယောက် စိုးရိမ်ပူပန်စိတ်တွေက မတူကြပါဘူး။တစ်ချို့က အကြောက်လွန်ခြင်း လူအများရှေ့ထွက်ရမှာကြောက်ခြင်း သံသရစိတ်လွန်ကဲခြင်း အစွဲအလန်းကြီးခြင်း ကရောင်ခြောက်ခြားဖြစ်ခြင်း စတဲ့လက္ခဏာတွေဟာ စိုးရိမ်ပူပန်မှုလွန်ကဲခြင်းကြောင့်ဖြစ်ပေါ်လာရတာဖြစ်ပါတယ်။နေ့စဉ်ပုံမှန်တရားထိုင်ခြင်းက ဒီလိုစိုးရိမ်ပူပန်မှုတွေကို အကောင်းဆုံးထိန်းချုပ်နိုင်ပြီး စိတ်ဖိစီးမှုလျော့ကျစေမှာဖြစ်ပါတယ်။

(၃) စိတ်ရဲ့ကျန်းမာရေးကို ကောင်းမွန်စေတယ်

Source : Shutterstock

 

တရားထိုင်းခြင်းဟာ အကောင်းမြင်စိတ်ကိုဖြစ်ပေါ်စေပြီး စိတ်ရဲ့ကျန်းမာရေးအတွက်ကောင်းမွန်တဲ့ အလေ့အကျင့်တစ်ခုဖြစ်ပါတယ်။သုတေသန ပြုလုပ်ချက်တွေအရ တရားထိုင်ခြင်းကြောင့် ကိုယ့်ကိုယ်ကိုမြင်တဲ့အမြင်တွေကို ပြောင်းလဲလာနိုင်ပြီး အကောင်းဘက်ကိုပိုတွေးတက်မြင်တက်လာစေကာ ကိုယ့်ကိုယ်ကိုအရင်ကထက် ပိုမိုနားလည်လာစေနိုင်တယ်လို့သိရပါတယ်။ တရားထိုင်ခြင်းဟာ အဆိုးမြင်စိတ်တွေလျော့နည်းသွားတဲ့အတွက် စိတ်ခံစားမှုပိုမိုကောင်းမွန်စေသလို စိတ်ကျရောဂါဝေဒနာကိုတောင်မှ ပျောက်ကင်းစေနိုင်ပါတယ်။

(၄) မှတ်ဉာဏ်စွမ်းရည်ကို တိုးတက်စေတယ်

Source : Shutterstock

မှတ်ဉာဏ်စွမ်းရည်လျော့ကျတဲ့ ပြဿနာဟာ အသက်အရွှယ် ကြီးလာတာနဲ့အမျှ ကြုံတွေ့ရလေ့ရှိတဲ့ ပြဿနာတစ်ခုလို့ တော်တော်များများသိထားကြပါတယ်။သို့သော်လည်း အိပ်ရေး ပျက်ခြင်း ဆေးလိပ်အရက်အလွန်အကျွံသောက်သုံးခြင်း စိတ်ဖိစီးမှုများခြင်းကြောင့် အရွှယ်မတိုင်မှီ မှတ်ဉာဏ်စွမ်းရည် လျော့ကျတာတွေ စဉ်းစားဆုံးဖြတ်နိုင်စွမ်းလျော့ကျတာတွေ ဖြစ်လာပါတယ်။တရားထိုင်ခြင်းက မှတ်ဉာဏ်စွမ်းရည်လျော့ကျမှုတွေကို သက်သာစေပြီး ဦးနှောက်နဲ့အာရုံကြောဆိုင်ရာ ကျန်းမာရေးကို ကောင်းမွန်စေမှာဖြစ်ပါတယ်။

(၅) ကောင်းစွာအိပ်ပျော်စေတယ်

Source : Shutterstock

ညဘက်တွေမှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်မပျော်တဲ့ပြဿနာတွေ မျက်စိကြောင်ခြင်း အတွေးလွန်ခြင်းတွေကြောင့် အိပ်မရခြင်းစတာတွေဟာ ယနေ့ခေတ်လူအများစုကြုံတွေ့နေရတဲ့အကြီးမားဆုံးကျန်းမာရေးပြဿနာတစ်ခုဖြစ်ပါတယ်။မအိပ်ခင် နာရီဝက်အလိုလောက်မှာ တရားထိုင်မယ်ဆိုရင် စိတ်ရောလူပါ ပင်ပန်းနွမ်းနယ်မှုတွေကိုလျော့ကျစေပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေဖို့ ကူညီပေးမှာဖြစ်ပါတယ်။မနက်ခင်းအိပ်ယာနိုးတဲ့အခါမှာလည်း အိပ်ရေးဝတဲ့ခံစားမှုမျိုးရရှိစေမှာဖြစ်ပြီး လန်းဆန်းတက်ကြွမှုတွေကိုပေးစွမ်းနိုင်မှာဖြစ်ပါတယ်။

[Zawgyi]

တရားထိုင္ျခင္းဟာ က်န္းမာေရးရႈ႕ေထာင့္ကေန ၾကည့္မယ္ဆိုရင္ အင္မတန္အက်ိဳးေက်းဇူးရွိတဲ့ အေလ့အက်င့္တစ္ခုလို႔ဆိုရပါမယ္။တစ္ေန႔ကို နာရီဝက္ေလာက္တရားထိုင္ေပးျခင္းျဖင့္ ရက္အနည္းငယ္ၾကာတဲ့အခါ သင့္ရဲ႕စိတ္နဲ႔ခႏၶာကိုယ္မွာေျပာင္းလဲလာမႈေတြကို ထူးထူးျခားျခားခံစားရေစမွာျဖစ္ပါတယ္။တရားထိုင္ျခင္းျဖင့္ ဘယ္လိုအက်ိဳးေက်းဇူးေတြကို ရရွိေစမလဲဆိုတာ ဆက္ဖတ္ၾကည့္လိုက္ရေအာင္။

(၁) စိတ္ဖိစီးမႈ ေလ်ာ့က်ေစတယ္

Source : Shutterstock

ေလ့လာေတြ႕ရွိခ်က္ေတြအရ စိတ္ဖိစီးမႈေလ်ာ့က်ေစတဲ့ အေကာင္းဆုံးနည္းလမ္းတစ္ခုက တရားထိုင္ျခင္းပဲ ျဖစ္ပါတယ္။ ယေန႔ေခတ္လူအမ်ားစုမွာ စိတ္ပိုင္းဆိုင္ရာ ႐ုပ္ပိုင္းဆိုင္ရာ စိတ္ဖိစီးမႈေတြနဲ႔ ရင္ဆိုင္ေနၾကရၿပီး အိပ္မေပ်ာ္ျခင္း စိတ္ဓာတ္က်ျခင္း စိုးရိမ္စိတ္မ်ားျခင္း ေသြးေပါင္ခ်ိန္ျမင့္တက္ျခင္း ပင္ပန္းႏြမ္းနယ္ျခင္း အာ႐ုံစူးစိုက္လို႔မရျခင္းစတဲ့က်န္းမာေရး ျပႆနာေတြခံစားေနၾကရတာျဖစ္ပါတယ္။သင္ဟာ ေန႔စဥ္ဒီလိုလကၡဏာေတြ ခံစားေနရတယ္ဆိုရင္ေတာ့ တစ္ရက္ကိုနာရီဝက္ေလာက္အခ်ိန္ေပးၿပီး တရားထိုင္ၾကည့္ဖို႔ အႀကံျပဳခ်င္ပါတယ္။

(၂) စိုးရိမ္ပူပန္မႈေတြ ထိန္းခ်ဳပ္လာႏိုင္မယ္

Source : Shutterstock

စိုးရိမ္ပူပန္မႈျဖစ္တယ္ဆိုတာကလည္း တစ္နည္းအားျဖင့္ စိတ္ဖိစီးမႈတစ္မ်ိဳးပါပဲ။ လူတစ္ေယာက္နဲ႔ တစ္ေယာက္ စိုးရိမ္ပူပန္စိတ္ေတြက မတူၾကပါဘူး။တစ္ခ်ိဳ႕က အေၾကာက္လြန္ျခင္း လူအမ်ားေရွ႕ထြက္ရမွာေၾကာက္ျခင္း သံသရစိတ္လြန္ကဲျခင္း အစြဲအလန္းႀကီးျခင္း ကေရာင္ေျခာက္ျခားျဖစ္ျခင္း စတဲ့လကၡဏာေတြဟာ စိုးရိမ္ပူပန္မႈလြန္ကဲျခင္းေၾကာင့္ျဖစ္ေပၚလာရတာျဖစ္ပါတယ္။ေန႔စဥ္ပုံမွန္တရားထိုင္ျခင္းက ဒီလိုစိုးရိမ္ပူပန္မႈေတြကို အေကာင္းဆုံးထိန္းခ်ဳပ္ႏိုင္ၿပီး စိတ္ဖိစီးမႈေလ်ာ့က်ေစမွာျဖစ္ပါတယ္။

(၃) စိတ္ရဲ႕က်န္းမာေရးကို ေကာင္းမြန္ေစတယ္

Source : Shutterstock

 

တရားထိုင္းျခင္းဟာ အေကာင္းျမင္စိတ္ကိုျဖစ္ေပၚေစၿပီး စိတ္ရဲ႕က်န္းမာေရးအတြက္ေကာင္းမြန္တဲ့ အေလ့အက်င့္တစ္ခုျဖစ္ပါတယ္။သုေတသန ျပဳလုပ္ခ်က္ေတြအရ တရားထိုင္ျခင္းေၾကာင့္ ကိုယ့္ကိုယ္ကိုျမင္တဲ့အျမင္ေတြကို ေျပာင္းလဲလာႏိုင္ၿပီး အေကာင္းဘက္ကိုပိုေတြးတက္ျမင္တက္လာေစကာ ကိုယ့္ကိုယ္ကိုအရင္ကထက္ ပိုမိုနားလည္လာေစႏိုင္တယ္လို႔သိရပါတယ္။ တရားထိုင္ျခင္းဟာ အဆိုးျမင္စိတ္ေတြေလ်ာ့နည္းသြားတဲ့အတြက္ စိတ္ခံစားမႈပိုမိုေကာင္းမြန္ေစသလို စိတ္က်ေရာဂါေဝဒနာကိုေတာင္မွ ေပ်ာက္ကင္းေစႏိုင္ပါတယ္။

(၄) မွတ္ဉာဏ္စြမ္းရည္ကို တိုးတက္ေစတယ္

Source : Shutterstock

မွတ္ဉာဏ္စြမ္းရည္ေလ်ာ့က်တဲ့ ျပႆနာဟာ အသက္အ႐ႊယ္ ႀကီးလာတာနဲ႔အမွ် ႀကဳံေတြ႕ရေလ့ရွိတဲ့ ျပႆနာတစ္ခုလို႔ ေတာ္ေတာ္မ်ားမ်ားသိထားၾကပါတယ္။သို႔ေသာ္လည္း အိပ္ေရး ပ်က္ျခင္း ေဆးလိပ္အရက္အလြန္အကြၽံေသာက္သုံးျခင္း စိတ္ဖိစီးမႈမ်ားျခင္းေၾကာင့္ အ႐ႊယ္မတိုင္မွီ မွတ္ဉာဏ္စြမ္းရည္ ေလ်ာ့က်တာေတြ စဥ္းစားဆုံးျဖတ္ႏိုင္စြမ္းေလ်ာ့က်တာေတြ ျဖစ္လာပါတယ္။တရားထိုင္ျခင္းက မွတ္ဉာဏ္စြမ္းရည္ေလ်ာ့က်မႈေတြကို သက္သာေစၿပီး ဦးေႏွာက္နဲ႔အာ႐ုံေၾကာဆိုင္ရာ က်န္းမာေရးကို ေကာင္းမြန္ေစမွာျဖစ္ပါတယ္။

(၅) ေကာင္းစြာအိပ္ေပ်ာ္ေစတယ္

Source : Shutterstock

ညဘက္ေတြမွာ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္မေပ်ာ္တဲ့ျပႆနာေတြ မ်က္စိေၾကာင္ျခင္း အေတြးလြန္ျခင္းေတြေၾကာင့္ အိပ္မရျခင္းစတာေတြဟာ ယေန႔ေခတ္လူအမ်ားစုႀကဳံေတြ႕ေနရတဲ့အႀကီးမားဆုံးက်န္းမာေရးျပႆနာတစ္ခုျဖစ္ပါတယ္။မအိပ္ခင္ နာရီဝက္အလိုေလာက္မွာ တရားထိုင္မယ္ဆိုရင္ စိတ္ေရာလူပါ ပင္ပန္းႏြမ္းနယ္မႈေတြကိုေလ်ာ့က်ေစၿပီး ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္ေစဖို႔ ကူညီေပးမွာျဖစ္ပါတယ္။မနက္ခင္းအိပ္ယာႏိုးတဲ့အခါမွာလည္း အိပ္ေရးဝတဲ့ခံစားမႈမ်ိဳးရရွိေစမွာျဖစ္ၿပီး လန္းဆန္းတက္ႂကြမႈေတြကိုေပးစြမ္းႏိုင္မွာျဖစ္ပါတယ္။

Reference Source : https://www.healthline.com/nutrition/12-benefits-of-meditation?fbclid=IwAR2m0BgJFEHp9Zre4bXk2dAhWDQUSVFXSkplDY4vrarZJJ6GTbBqYxsi-VI#section2

The post တရားထိုင္ျခင္းက ခႏၶာကိုယ္အေပၚဘယ္လိုအက်ဳိးသက္ေရာက္မႈေတြ ျဖစ္ေစလဲ appeared first on MyHealth Myanmar.