ဂ်ာမန္ဘြန္ဒက္လီဂါပြဲစဥ္အတြင္းမွာ ဖရန္႔ဖတ္အသင္းကုိ ၅ဂုိး၁ဂုိးနဲ႔ မရွုမလွ ရွုံးနိမ့္ခဲ႔ရၿပီးေနာက္မွာပဲ ဘုိင္ယန္ျမဴးနစ္အသင္းဟာ သူတုိ႔ရဲ႕နည္းျပျဖစ္သူကုိဗက္ကုိ ရာထူးကေန ထုတ္ပယ္လုိက္ဖုိ႔ ဆုံးျဖတ္လုိက္ၿပီး ကုိဗက္ရဲ႕ေနရာအတြက္ကိုလည္း နာမည္ေက်ာ္ ေဘာလုံးနည္းျပေပါင္းမ်ားစြာကုိ ပစ္မွတ္ထားလာခဲ႔ပါတယ္။ အဲ႔ဒီပစ္မွတ္ေတြထဲမွာ အာဆင္နယ္အသင္းက ႏွစ္ေပါင္းမ်ားစြာ ကုိင္တြယ္ခဲ႔ဖူးၿပီး လက္ရွိမွာေတာ့ အသင္းလက္မဲ့ျဖစ္ေနတာ ၁ႏွစ္ခြဲေလာက္အထိကုိ ရွိလုိ႔ေနၿပီျဖစ္တဲ႔ အာဆင္ဝင္းဂါးလည္း ထိပ္ဆုံးေနရာမွာ ပါဝင္ေနလ်က္ရွိေနၿပီးေတာ့ မၾကာခင္မွာပဲ ဘုိင္ယန္နည္းျပျဖစ္လာလိမ့္မယ္လုိ႔ သတင္းေတြ ထြက္ေပၚလုိ႔ေနပါတယ္။

Photo Credit : Getty Images

အသင္းကေန ထုတ္ပယ္ခံလုိက္ရတဲ႔ နည္းျပကုိဗက္ဟာ အသင္းအတြက္ ဘြန္ဒက္လီဂါဖလား ဂ်ာမန္ပုိကယ္ဖလားေတြကို ရယူေပးႏုိင္ခဲ႔ေပမယ့္ သူရဲ႕လက္ေအာက္မွာ အသင္းက ရလဒ္ဆုိးေတြ မၾကာခဏ ရေနတတ္တာေၾကာင့္ အသင္းကေန ထုတ္ပယ္သြားဖုိ႔ မၾကာခဏ စီစဥ္ေနခဲ႔တာျဖစ္ၿပီး ေကာလဟာလသတင္းေတြလည္း ခဏခဏ ထြက္ေပၚခဲ့ပါေသးတယ္။ အခုေတာ့ ကုိဗက္ကုိ ထုတ္ပယ္လုိက္ၿပီျဖစ္ၿပီး ဒီေနရာအတြက္ အာဆင္နယ္နည္းျပေဟာင္း အာဆင္ဝင္းဂါးကုိ အဓိကပစ္မွတ္ထားတာျဖစ္ေပမယ့္လည္း လက္ရွိထြက္ေပၚေနတဲ႔ သတင္းေတြအရေတာ့ ဝင္းဂါးကုိ နည္းျပအျဖစ္ ခန္႔အပ္ဖုိ႔အတြက္ ျငင္းဆန္လုိက္တယ္လုိ႔ သိရွိရပါတယ္။

Photo Credit : Getty Images

ထြက္ေပၚေနတဲ႔ သတင္းေတြအရ ဘုိင္ယန္ျမဴးနစ္အသင္းဟာ အသက္အရႊယ္ တအားမႀကီးလွတဲ႔ အရည္အေသြးျမင့္ နည္းျပတစ္ဦးကုိပဲ ကာလရွည္ေခၚယူခ်င္ေနတာျဖစ္ၿပီး အာဆင္ဝင္းဂါးကုိေတာ့ ဒီႏွစ္ေဘာလုံးရာသီ အဆုံးထိသာ ေရတုိစီမံကိန္းနဲ႔ ေခၚယူဖုိ႔ စီစဥ္ထားတာျဖစ္လုိ႔ ဒီအေၾကာင္းအရာနဲ႔ပတ္သက္ၿပီး ဘုိင္ယန္နဲ႔ ဝင္းဂါးတုိ႔ၾကားမွာ သေဘာတူညီမႈ မရရွိခဲ႔တာလုိ႔ သိရပါတယ္။ ေနာက္ထပ္သတင္းေတြအရေတာ့ ဘုိင္ယန္အသင္းဥကၠဌကုိယ္တုိင္က အာဆင္ဝင္းဂါးကုိ သူတုိ႔အသင္းနည္းျပအျဖစ္ ခန္႔အပ္ဖုိ႔အတြက္ ဆႏၵမရွိတာလုိ႔လည္း သိရပါေသးတယ္။

Photo Credit : Getty Images

လက္ရွိမွာ နည္းျပလစ္လပ္လ်က္ရွိေနတဲ႔ ဘုိင္ယန္ျမဴးနစ္အသင္းဟာ ဂ်ာမန္ဘြန္ဒက္လီဂါၿပိဳင္ပြဲမွာ အဆင့္၄ေနရာအထိကုိ ေရာက္ရွိလုိ႔ေနၿပီး အဆင့္၁ေနရာမွာ ရွိလုိ႔ေနတဲ႔ မုိခ်န္ဂလာဘတ္အသင္းနဲ႔ ၄မွတ္အထိကုိ ကြာဟလုိ႔ေနတဲ႔အျပင္ ဒီရာသီမွာလည္း ရွုံးပြဲ၂ပြဲအထိ ႀကံဳေတြ႔ထားခဲ႔ရပါတယ္။ လာမယ့္စေနေန႔မွာေတာ့ ဘုိင္ယန္အသင္းဟာ ေဒါ့မြန္အသင္းနဲ႔ ရင္ဆုိင္ကစားရဦးမွာျဖစ္ၿပီးေတာ့ ဒီပြဲကုိပါ ထပ္ၿပီးေျခေခ်ာ္ခဲ႔မယ္ဆုိရင္ေတာ့ ဘုိင္ယန္တုိ႔ ခ်န္ပီယံဆုကုိ ဆက္ထိန္းဖုိ႔ အေျခအေန သိပ္ေကာင္းဖြယ္မရွိေတာ့ဘူးလုိ႔ သတ္မွတ္ရမွာပါ။

(Unicode)

ဘိုင်ယန်မြူးနစ် နည်းပြသစ်ရာထူးအတွက် ငြင်းဆန်ခံလိုက်ရတဲ့ အာဆင်ဝင်းဂါး

ဂျာမန်ဘွန်ဒက်လီဂါပွဲစဉ်အတွင်းမှာ ဖရန့်ဖတ်အသင်းကို ၅ဂိုး၁ဂိုးနဲ့ မရှုမလှ ရှုံးနိမ့်ခဲ့ရပြီးနောက်မှာပဲ ဘိုင်ယန်မြူးနစ်အသင်းဟာ သူတို့ရဲ့နည်းပြဖြစ်သူကိုဗက်ကို ရာထူးကနေ ထုတ်ပယ်လိုက်ဖို့ ဆုံးဖြတ်လိုက်ပြီး ကိုဗက်ရဲ့နေရာအတွက်ကိုလည်း နာမည်ကျော် ဘောလုံးနည်းပြပေါင်းများစွာကို ပစ်မှတ်ထားလာခဲ့ပါတယ်။ အဲ့ဒီပစ်မှတ်တွေထဲမှာ အာဆင်နယ်အသင်းက နှစ်ပေါင်းများစွာ ကိုင်တွယ်ခဲ့ဖူးပြီး လက်ရှိမှာတော့ အသင်းလက်မဲ့ဖြစ်နေတာ ၁နှစ်ခွဲလောက်အထိကို ရှိလို့နေပြီဖြစ်တဲ့ အာဆင်ဝင်းဂါးလည်း ထိပ်ဆုံးနေရာမှာ ပါဝင်နေလျက်ရှိနေပြီးတော့ မကြာခင်မှာပဲ ဘိုင်ယန်နည်းပြဖြစ်လာလိမ့်မယ်လို့ သတင်းတွေ ထွက်ပေါ်လို့နေပါတယ်။

Photo Credit : Getty Images

အသင်းကနေ ထုတ်ပယ်ခံလိုက်ရတဲ့ နည်းပြကိုဗက်ဟာ အသင်းအတွက် ဘွန်ဒက်လီဂါဖလား ဂျာမန်ပိုကယ်ဖလားတွေကို ရယူပေးနိုင်ခဲ့ပေမယ့် သူရဲ့လက်အောက်မှာ အသင်းက ရလဒ်ဆိုးတွေ မကြာခဏ ရနေတတ်တာကြောင့် အသင်းကနေ ထုတ်ပယ်သွားဖို့ မကြာခဏ စီစဉ်နေခဲ့တာဖြစ်ပြီး ကောလဟာလသတင်းတွေလည်း ခဏခဏ ထွက်ပေါ်ခဲ့ပါသေးတယ်။ အခုတော့ ကိုဗက်ကို ထုတ်ပယ်လိုက်ပြီဖြစ်ပြီး ဒီနေရာအတွက် အာဆင်နယ်နည်းပြဟောင်း အာဆင်ဝင်းဂါးကို အဓိကပစ်မှတ်ထားတာဖြစ်ပေမယ့်လည်း လက်ရှိထွက်ပေါ်နေတဲ့ သတင်းတွေအရတော့ ဝင်းဂါးကို နည်းပြအဖြစ် ခန့်အပ်ဖို့အတွက် ငြင်းဆန်လိုက်တယ်လို့ သိရှိရပါတယ်။

Photo Credit : Getty Images

ထွက်ပေါ်နေတဲ့ သတင်းတွေအရ ဘိုင်ယန်မြူးနစ်အသင်းဟာ အသက်အရွှယ် တအားမကြီးလှတဲ့ အရည်အသွေးမြင့် နည်းပြတစ်ဦးကိုပဲ ကာလရှည်ခေါ်ယူချင်နေတာဖြစ်ပြီး အာဆင်ဝင်းဂါးကိုတော့ ဒီနှစ်ဘောလုံးရာသီ အဆုံးထိသာ ရေတိုစီမံကိန်းနဲ့ ခေါ်ယူဖို့ စီစဉ်ထားတာဖြစ်လို့ ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး ဘိုင်ယန်နဲ့ ဝင်းဂါးတို့ကြားမှာ သဘောတူညီမှု မရရှိခဲ့တာလို့ သိရပါတယ်။ နောက်ထပ်သတင်းတွေအရတော့ ဘိုင်ယန်အသင်းဥက္ကဌကိုယ်တိုင်က အာဆင်ဝင်းဂါးကို သူတို့အသင်းနည်းပြအဖြစ် ခန့်အပ်ဖို့အတွက် ဆန္ဒမရှိတာလို့လည်း သိရပါသေးတယ်။

Photo Credit : Getty Images

လက်ရှိမှာ နည်းပြလစ်လပ်လျက်ရှိနေတဲ့ ဘိုင်ယန်မြူးနစ်အသင်းဟာ ဂျာမန်ဘွန်ဒက်လီဂါပြိုင်ပွဲမှာ အဆင့်၄နေရာအထိကို ရောက်ရှိလို့နေပြီး အဆင့်၁နေရာမှာ ရှိလို့နေတဲ့ မိုချန်ဂလာဘတ်အသင်းနဲ့ ၄မှတ်အထိကို ကွာဟလို့နေတဲ့အပြင် ဒီရာသီမှာလည်း ရှုံးပွဲ၂ပွဲအထိ ကြုံတွေ့ထားခဲ့ရပါတယ်။ လာမယ့်စနေနေ့မှာတော့ ဘိုင်ယန်အသင်းဟာ ဒေါ့မွန်အသင်းနဲ့ ရင်ဆိုင်ကစားရဦးမှာဖြစ်ပြီးတော့ ဒီပွဲကိုပါ ထပ်ပြီးခြေချော်ခဲ့မယ်ဆိုရင်တော့ ဘိုင်ယန်တို့ ချန်ပီယံဆုကို ဆက်ထိန်းဖို့ အခြေအနေ သိပ်ကောင်းဖွယ်မရှိတော့ဘူးလို့ သတ်မှတ်ရမှာပါ။

The post ဘုိင္ယန္ျမဴးနစ္ နည္းျပသစ္ရာထူးအတြက္ ျငင္းဆန္ခံလုိက္ရတဲ႔ အာဆင္ဝင္းဂါး appeared first on MySport Myanmar.