ပရီးမီးယားလိဂ်ပြိုင်ပွဲ အဆုံးသတ်သွားပြီး တစ်ပတ်အကြာမှာတော့ အင်္ဂလန်မှာရော ကမ္ဘာပေါ်မှာပါ သက်တမ်းအရင့်ဆုံးပြိုင်ပွဲအဖြစ် သတ်မှတ်ခံထားရတဲ့ အက်အေဖလားပြိုင်ပွဲရဲ့ဗိုလ်လုပွဲကို ထပ်မံခံစားကြည့်ရှရဦးမှာဖြစ်ပြီး ဗိုလ်လုပွဲတစ်ပွဲဖြစ်နေတဲ့အပြင် လန်ဒန်အခြေစိုက် မြို့ခံအသင်း(၂)သင်း ထိပ်တိုက်တွေ့ဆုံနေတဲ့ လန်ဒန်ဒါဘီဖိုင်နယ် ဖြစ်နေတာကြောင့် ပိုလို့တောင် စိတ်ဝင်စားစရာကောင်းနေမှာ သေချာနေပါတယ်။ ဒီပွဲစဉ်အကြောင်းကို ကျွန်တော်တို့ အကြိုရင်ခုန်ကြည့်လိုက်ချင်ပါတယ်ခင်ဗျာ။

Photo Credit : Sky Sports

ပထမဆုံးတော့ အာဆင်နယ်အသင်းအကြောင်းကို ဆွေးနွေးသွားချင်ပါတယ်။ အာဆင်နယ်က အက်အေဖလားပြိုင်ပွဲရဲ့ အအောင်မြင်ဆုံးအသင်းဖြစ်ပြီး လက်ရှိချန်ပီယံ မန်စီးတီးအသင်းကို ကျော်ဖြတ်ကာ ဖိုင်နယ်ကို တတ်ရောက်လာတဲ့အသင်းဖြစ်ပါတယ်။ ဒီနှစ်ရာသီကုန်ပိုင်းလောက်မှာ ရလဒ်တွေ ပြန်လည်ကောင်းမွန်နေတဲ့ အာဆင်နယ်အသင်းအနေနဲ့ ယူရိုပါလိဂ်ကို ဝင်ခွင့်ရနိုင်ဖို့အတွက် အက်အေဖလားကို အရယူနိုင်ဖို့ လိုအပ်နေတာကြောင့် ချယ်လ်ဆီးထက် ဖိအားဒဏ်အနည်းငယ်ပိုနေနိုင်ပါတယ်။ လေနိုပြန်လည်သက်သာနေပြီဖြစ်ပေမယ့်လည်း လက်စွမ်းပြနေတဲ့ မာတီနက်ဇ်နဲ့ပဲ ဆက်လက်ပွဲထွက်လာနိုင်ပြီး မူစတာဖီမကစားနိုင်လို့ ဟိုးဒင်းကို သုံးလာနိုင်ပါတယ်။

Photo Credit : The Telegraph

ဆီမီးမှာ ယူနိုက်တက်ကို ကျော်ဖြတ်လာခဲ့တဲ့ ချယ်လ်ဆီးကတော့ ချန်ပီယံလိဂ်ဝင်ခွင့် ရထားခဲ့ပြီဖြစ်လို့ ဖိအားဒဏ်တွေ လျော့နေတယ်ဆိုပေမယ့်လည်း ဒီရာသီအတွက် တစ်ခုတည်းသော ဖလားမျှော်လင့်ချက်ဖြစ်နေတဲ့ အက်အေဖလားကိုပါ အရယူနိုင်လိုက်မယ်ဆိုရင် ချယ်လ်ဆီးအတွက် အကောင်းဆုံးဘောလုံးရာသီတစ်ခုကို ဖန်တီးနိုင်လိုက်သလို ဖြစ်သွားရမှာပါ။ ကြံခိုင်ရေးမပြည့်ဝသေးတဲ့ ကန်တီဝင်ရောက်ကစားဖို့ မသေချာသေးသလို ဂိုးသမားပိုင်းမှာလည်း ကယ်ပါထက် ကာဘယ်ရယ်လိုကိုပဲ ဆက်လက်သုံးလာနိုင်ပါတယ်။ တိုက်စစ်မှာတော့ ဂျရှး ပူလီဆစ်နဲ့ ဝီလီယံတို့ ပွဲထွက်လာနိုင်ပါတယ်။

Photo Credit : Just Arsenal

ဒီအသင်းနှစ်သင်းလုံးရဲ့နည်းပြတွေဖြစ်တဲ့ အာတီတာနဲ့လမ်းပတ်တို့ဟာ ကစားသမားဘဝတုန်းကလည်း အက်အေဖလားကို ရယူထားနိုင်ခဲ့သူတွေဖြစ်ပြီး အခုနည်းပြအဖြစ် ဆောင်ရွှက်နေချိန် သူတို့ပထမဆုံး ကိုင်မြှောက်ဖို့ အခွင့်အရေးရှိနေတဲ့ ဆုဖလားကလည်း အက်အေဖလားဖြစ်နေတာ ရင်ခုန်စရာပါ။ လက်ရှိအနေအထားအရ နှစ်သင်းလုံး Form ကောင်းနေပြီး အာဆင်နယ်ကတော့ ခံစစ်ပိုင်းမှာ အားနည်းချင်နေပါတယ်။ တိုက်စစ်ဆိုရင်လည်း ချယ်လ်ဆီးတိုက်စစ်က အာဆင်နယ်တိုက်စစ်ထက် အနည်းငယ်လေးသာနေသလို ဖြစ်နေပြီး နှစ်သင်းပေါင်း အပြန်အလှန်သွင်းဂိုးတွေ မြင်လာရနိုင်တယ်။ လက်ရှိအနေအထားအရ ချယ်လ်ဆီးဘက်က နည်းနည်းသာနေတယ်ဆိုပေမယ့် အက်အေမှာဆို လမိုင်းကပ်နေတယ်တတ်တဲ့ အာဆင်နယ်ပဲ ဗိုလ်စွဲလိမ့်မယ်လို့ ယူဆမိပါတယ်။

The post အာဆင်နယ်နဲ့ ချယ်လ်ဆီးတို့ရဲ့ လန်ဒန်ဒါဘီ အက်အေဖလားဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက် appeared first on MySport Myanmar.