ဘာစီလုိနာအသင္းကေတာ့ အသင္းရဲ႕ဝါရင့္တုိက္စစ္မွဴးႀကီး လူးဝစ္ဆြာရက္ဇ္ရဲ႕ေနရာမွာ တုိက္စစ္မွဴးတစ္ေယာက္ကုိ အစားထုိးသြားဖုိ႔အတြက္ တုိက္စစ္မွဴးအသစ္တစ္ေယာက္ကုိ ရွာေဖြလ်က္ရွိေနၿပီး နာမည္ေက်ာ္တုိက္စစ္ကစားသမားေတြနဲ႔  သတင္းေတြ ထြက္ေပၚလ်က္ရွိေနၿပီး လက္ရွိမွာေတာ့ အာဆင္နယ္အသင္းရဲ႕ အသင္းေခါင္းေဆာင္ရာထူးကုိ လက္ခံရယူထားခဲ႔ရတဲ႔ တုိက္စစ္ကစားသမား အူဘာမီယန္းကို ပစ္မွတ္ထားလာခဲ႔တယ္လုိ႔ သတင္းထြက္လာခဲ႔တာေၾကာင့္ အာဆင္နယ္အသင္းအတြက္ ေခါင္းေျခာက္စရာ  ျဖစ္လာႏုိင္ပါတယ္။

Photo Credit : Getty Images

အာဆင္နယ္အသင္းဟာ ခ်ီလီတုိက္စစ္ကစားသမား အလက္ဆစ္ဆန္းခ်က္ဇ္ကုိ မန္ခ်က္စတာယူႏုိက္တက္အသင္းဆီ လက္လြတ္လုိက္ၿပီးတဲ႔ေနာက္မွာ ေဒါ့မြန္အသင္းကေန အူဘာမီယန္းကုိ ေခၚယူလုိက္ရာ အသင္းရဲ႕အဓိက တုိက္စစ္ကစားသမားျဖစ္လာတဲ႔အထိ အူဘာမီယန္းက အာဆင္နယ္တုိက္စစ္မွာ အေကာင္းဆုံးစြမ္းေဆာင္ႏုိင္ခဲ႔ပါတယ္။ ဒါေပမယ့္ အူဘာမီယန္းဟာ  လက္ရွိမွာ အာဆင္နယ္အသင္းနဲ႔ စာခ်ဳပ္သက္တမ္း မတုိးရေသးသလုိ လာမယ့္ရာသီမွာပါ ခ်န္ပီယံလိဂ္ဝင္ခြင့္နဲ႔ ဆက္လက္လြဲေခ်ာ္ရမယ္ဆုိရင္ အူဘာမီယန္းကုိ ဆက္ထိန္းထားဖုိ႔ ခက္ခဲသြားႏုိင္ပါတယ္။

Photo Credit : Getty Images

ဂါဘြန္လက္ေရြးစင္ တုိက္စစ္ကစားသမား အူဘာမီယန္းဟာ လက္ရွိမွာ အသက္၃၀အအရႊယ္ကုိ ေရာက္ရွိေနၿပီျဖစ္ၿပီး ဆုဖလားေအာင္ျမင္မႈေတြကုိလည္း လုိခ်င္တပ္မက္ေနေသးတာေၾကာင့္ အေျခအေနသိပ္မဟန္လွတဲ႔ အာဆင္နယ္အသင္းကေန ထြက္ခြာခ်င္ေနတာျဖစ္ကာ သူ႔ကိုလည္း ရီးရဲလ္မက္ဒရစ္အသင္းနဲ႔ ဘာစီလုိနာအသင္းတုိ႔က ေခၚယူဖုိ႔ အၿပိဳင္စိတ္ဝင္စားလုိ႔ေနပါတယ္။ ပုိဆုိးတာကေတာ့ အူဘာမီယန္းရဲ႕စာခ်ဳပ္ထဲမွာ အသင္းက ခ်န္ပီယံလိဂ္ဝင္ခြင့္မရခဲ႔ရင္ သူ႔ကုိ အသင္းကေန ထြက္ခြာခြင့္ေပးရမယ္လိ႔ု ခ်ဳပ္ဆုိထားတာေၾကာင့္ အာဆင္နယ္အေနနဲ႔ အူဘာကုိ ဆက္ထိန္းဖုိ႔ အဆင့္၄အတြင္း မျဖစ္မေန ဝင္ႏုိင္ဖုိ႔ လုိအပ္ေနရပါတယ္။

Photo Credit : Getty Images

အူဘာမီယန္းဟာ ကြင္းလယ္ကစားသမားခ်ာကာရဲ႕အသင္းပရိသတ္ေတြနဲ႔ ျပသာနာတတ္မႈေၾကာင့္ အသင္းေခါင္းေဆာင္လက္ပတ္ကုိ ခ်ာကာဆီကေန လြဲေျပာင္းရယူႏုိင္ခဲ႔ၿပီး အာဆင္နယ္ရဲ႕အသင္းေခါင္းေဆာင္သစ္ ျဖစ္လာခဲ႔ရေပမယ့္ သူ႔ကုိ ကလပ္အသင္းေပါင္းမ်ားစြာက အလုိရွိေနတာေၾကာင့္ အာဆင္နယ္အေနနဲ႔ အူဘာမီယန္းကုိ ဆက္ထိန္းသိမ္းထားဖုိ႔က ခက္ခဲလုိ႔ေနၿပီး လာမယ့္ေႏြအထိ သက္တမ္းတုိးဖုိ႔ အဆင္မေျပႏုိင္ေတာ့ဘူးဆုိရင္ အသင္းကေန ေရာင္းထုတ္သြားႏုိင္ပါတယ္။ အူဘာမီယန္းရဲ႕လက္ရွိတန္ေၾကးက ယူရုိသန္း၇၀ေလာက္အထိကုိ ရွိလုိ႔ေနပါတယ္။

(Unicode)

အူဘာမီယန်းကို အသင်းမှာ ဆက်လက်ထိန်းသိမ်းဖို့ ခက်ခဲသွားနိုင်တဲ့ အာဆင်နယ်

ဘာစီလိုနာအသင်းကတော့ အသင်းရဲ့ဝါရင့်တိုက်စစ်မှူးကြီး လူးဝစ်ဆွာရက်ဇ်ရဲ့နေရာမှာ တိုက်စစ်မှူးတစ်ယောက်ကို အစားထိုးသွားဖို့အတွက် တိုက်စစ်မှူးအသစ်တစ်ယောက်ကို ရှာဖွေလျက်ရှိနေပြီး နာမည်ကျော်တိုက်စစ်ကစားသမားတွေနဲ့  သတင်းတွေ ထွက်ပေါ်လျက်ရှိနေပြီး လက်ရှိမှာတော့ အာဆင်နယ်အသင်းရဲ့ အသင်းခေါင်းဆောင်ရာထူးကို လက်ခံရယူထားခဲ့ရတဲ့ တိုက်စစ်ကစားသမား အူဘာမီယန်းကို ပစ်မှတ်ထားလာခဲ့တယ်လို့ သတင်းထွက်လာခဲ့တာကြောင့် အာဆင်နယ်အသင်းအတွက် ခေါင်းခြောက်စရာ  ဖြစ်လာနိုင်ပါတယ်။

Photo Credit : Getty Images

အာဆင်နယ်အသင်းဟာ ချီလီတိုက်စစ်ကစားသမား အလက်ဆစ်ဆန်းချက်ဇ်ကို မန်ချက်စတာယူနိုက်တက်အသင်းဆီ လက်လွတ်လိုက်ပြီးတဲ့နောက်မှာ ဒေါ့မွန်အသင်းကနေ အူဘာမီယန်းကို ခေါ်ယူလိုက်ရာ အသင်းရဲ့အဓိက တိုက်စစ်ကစားသမားဖြစ်လာတဲ့အထိ အူဘာမီယန်းက အာဆင်နယ်တိုက်စစ်မှာ အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် အူဘာမီယန်းဟာ  လက်ရှိမှာ အာဆင်နယ်အသင်းနဲ့ စာချုပ်သက်တမ်း မတိုးရသေးသလို လာမယ့်ရာသီမှာပါ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ ဆက်လက်လွဲချော်ရမယ်ဆိုရင် အူဘာမီယန်းကို ဆက်ထိန်းထားဖို့ ခက်ခဲသွားနိုင်ပါတယ်။

Photo Credit : Getty Images

ဂါဘွန်လက်ရွေးစင် တိုက်စစ်ကစားသမား အူဘာမီယန်းဟာ လက်ရှိမှာ အသက်၃၀အအရွှယ်ကို ရောက်ရှိနေပြီဖြစ်ပြီး ဆုဖလားအောင်မြင်မှုတွေကိုလည်း လိုချင်တပ်မက်နေသေးတာကြောင့် အခြေအနေသိပ်မဟန်လှတဲ့ အာဆင်နယ်အသင်းကနေ ထွက်ခွာချင်နေတာဖြစ်ကာ သူ့ကိုလည်း ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ဘာစီလိုနာအသင်းတို့က ခေါ်ယူဖို့ အပြိုင်စိတ်ဝင်စားလို့နေပါတယ်။ ပိုဆိုးတာကတော့ အူဘာမီယန်းရဲ့စာချုပ်ထဲမှာ အသင်းက ချန်ပီယံလိဂ်ဝင်ခွင့်မရခဲ့ရင် သူ့ကို အသင်းကနေ ထွက်ခွာခွင့်ပေးရမယ်လို့ ချုပ်ဆိုထားတာကြောင့် အာဆင်နယ်အနေနဲ့ အူဘာကို ဆက်ထိန်းဖို့ အဆင့်၄အတွင်း မဖြစ်မနေ ဝင်နိုင်ဖို့ လိုအပ်နေရပါတယ်။

Photo Credit : Getty Images

အူဘာမီယန်းဟာ ကွင်းလယ်ကစားသမားချာကာရဲ့အသင်းပရိသတ်တွေနဲ့ ပြသာနာတတ်မှုကြောင့် အသင်းခေါင်းဆောင်လက်ပတ်ကို ချာကာဆီကနေ လွဲပြောင်းရယူနိုင်ခဲ့ပြီး အာဆင်နယ်ရဲ့အသင်းခေါင်းဆောင်သစ် ဖြစ်လာခဲ့ရပေမယ့် သူ့ကို ကလပ်အသင်းပေါင်းများစွာက အလိုရှိနေတာကြောင့် အာဆင်နယ်အနေနဲ့ အူဘာမီယန်းကို ဆက်ထိန်းသိမ်းထားဖို့က ခက်ခဲလို့နေပြီး လာမယ့်နွေအထိ သက်တမ်းတိုးဖို့ အဆင်မပြေနိုင်တော့ဘူးဆိုရင် အသင်းကနေ ရောင်းထုတ်သွားနိုင်ပါတယ်။ အူဘာမီယန်းရဲ့လက်ရှိတန်ကြေးက ယူရိုသန်းရ၀လောက်အထိကို ရှိလို့နေပါတယ်။

The post အူဘာမီယန္းကုိ အသင္းမွာ ဆက္လက္ထိန္းသိမ္းဖုိ႔ ခက္ခဲသြားႏုိင္တဲ႔ အာဆင္နယ္ appeared first on MySport Myanmar.