ဘာစီလိုနာအသင်းမှာ အံ့ဝင်ခွင်ကျဖြစ်အောင် မကစားနိုင်တဲ့အပြင် အငှားသွားကစားနေတဲ့ ဘိုင်ယန်မြူးနစ်အသင်းမှာလည်း ခြေစွမ်းပြနိုင်ခြင်းမရှိတဲ့ ဘရာဇီးတိုက်စစ်ကစားသမား ဖီလစ်ပီကော်တင်ဟိုရဲ့ အနာဂတ်က လက်ရှိမှာ အတော်လေးကို လှုပ်ခတ်လို့နေပြီး ဘိုင်ယန်ကလည်း ကော်တင်ဟိုကို အပြီးသတ်ခေါ်ယူဖို့ ဆန္ဒမရှိသလို ဘာစီလိုနာအသင်းကလည်း ကော်တင်ဟိုကို ပြန်ခေါ်ယူဖွယ်မရှိတာကြောင့် ကော်တင်ဟိုအနေနဲ့ အသင်းပြောင်းရဖို့က သေချာသလောက်ရှိနေပြီး သူကျင်လည်ခဲ့ဖူးတဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲဆီကိုသာ ပြန်သွားရဖွယ်ရှိနေပါတယ်။

Photo Credit : Daily Mirror

အသက်(၂၇)နှစ်အရွှယ် ဘရာဇီးလက်ရွေးစင် တိုက်စစ်ကစားသမား ကော်တင်ဟိုကို ဘာစီလိုနာအသင်းကနေ အပြီးသတ်ရောင်းချချင်ပြီး ကော်တင်ဟိုအတွက်လည်း ပြောင်းရွှေ့ကြေးကို ပေါင်(၇၁)သန်းအထိ အလိုရှိနေတာဖြစ်ပါတယ်။ ဒါပေမယ့် ကော်တင်ဟိုကို ခေါ်ယူချင်နေတဲ့ ကလပ်အသင်းတွေအားလုံးက ကော်တင်ဟိုအတွက် ပေါင်(၇၁)သန်းအထိကို အသုံးမပြုချင်ပဲ တစ်ရာသီအငှားနဲ့သာ ခေါ်ယူချင်နေတာကြောင့် ဘာစီလိုနာဘက်ကနေ ကော်တင်ဟိုကို နောက်တစ်ရာသီ ထပ်မံအငှားချရဖွယ်ရှိနေပြီး တစ်ရာသီအငှားချခကို ပေါင်(၉)သန်းအထိ တောင်းဆိုဖွယ်ရှိနေပါတယ်။

Photo Credit : FC Barcelona Noticias

လီဗာပူးလ်အသင်းရဲ့ ကစားသမားဟောင်း ကော်တင်ဟိုကို ခေါ်ယူချင်တဲ့ အသင်းတွေထဲမှာ အာဆင်နယ်လည်း ပါဝင်လို့နေပြီး အာဆင်နယ်နည်းပြ မီခေးလ်အာတီတာကိုယ်တိုင်က ကော်တင်ဟိုကို ခေါ်ယူနိုင်ဖို့က သူ့အတွက် အကြီးမားဆုံး မျှော််လင့်ချက်တစ်ခုဖြစ်တယ်လို့ပါ ဝန်ခံပြောဆိုလို့ထားပါတယ်။ လတ်တလောမှာလည်း ကော်တင်ဟိုကို အငှားနဲ့ ခေါ်ယူဖို့ အာဆင်နယ်အသင်းက ထိပ်ဆုံးမှာ ရေပန်းစားလို့နေပြီး ဘာစီလိုနာဘက်ကနေ အလိုရှိနေတဲဲ့ အငှားခေါ်ယူခ ပေါင်(၉)သန်းကို ပေးချေရမှာဖြစ်သလို အငှားစာချုပ်ပြည့်ချိန် အပြီးသတ်ခေါ်ယူမယ်ဆိုပါက ပေါင်(၇၁)သန်းနဲ့ပဲ ကမ်းလှမ်းရမှာဖြစ်ပါတယ်။ လက်ရှိမှာတော့ ကော်တင်ဟိုဟာ ဘိုင်ယန်နဲ့ အငှားစာချုပ် ပြည့်သွားပေမယ့်လည်း ကိုရိုနာဗိုင်းရပ်စ်ပြသာနာကြောင့် ဘောလုံးပွဲတွေကို ရပ်ဆိုင်းထားခဲ့ရတဲ့အတွက် သူရဲ့ အငှားစာချုပ်သက်တမ်းကို အနည်းငယ်တိုးမြှင့်ပေးထားခဲ့ပြီး ချန်ပီယံလိဂ်ပြိုင် ပြီးဆုံးမှသာ သူရဲ့မူလအသင်းဖြစ်တဲ့ ဘာစီလိုနာဆီ ပြန်သွားရမှာဖြစ်ပါတယ်။

The post ကော်တင်ဟိုကို တစ်ရာသီအငှားနဲ့ ခေါ်ယူဖို့ အခြေအနေကောင်းလို့နေတဲ့ အာဆင်နယ်အသင်း appeared first on MySport Myanmar.