ဒီနှစ် ၂၀၁၉-၂၀၂၀ ဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း ခြေစွမ်းပြသလို့နေတဲ့ ဝုလ်အသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမား အဒမ်မာထရာအိုရေးကို ပရီးမီးယားလိဂ် ထိပ်သီးအသင်းတွေအပြင် သူရဲ့အသင်းဟောင်း ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်အသင်းတွေကပါ ခေါ်ယူဖို့အတွက် စိတ်ဝင်တစား ရှိလာခဲ့ကြသလို အခုလည်း ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရရှိဖို့ နီးစပ်လို့နေတဲ့ လီဗာပူးလ်အသင်းကလည်း ထရာအိုရေးကို လာမယ့်နွေစျေးကွက်အတွင်းမှာ ပြောင်းရွှေ့ကြေး ပေါင်သန်း(၆၀)နဲ့ကို ခေါ်ယူသွားဖို့ ပစ်မှတ်ထားလာခဲ့တယ်လို့ သိရပါတယ်။

Photo Credit : Getty Image

အသက်(၂၄)နှစ်အရွှယ်ရှိ စပိန်ကစားသမား ထရာအိုရေးဟာ ၂၀၁၈ခုနှစ်ကမှ မစ်ဒယ်ဘရော့အသင်းကနေ ဝုလ်အသင်းဆီကို ကလပ်စံချိန်တင်ပြောင်ရွှေ့ကြေးဖြစ်တဲ့ ပေါင်သန်း(၂၀)နဲ့ ရောက်ရှိလာခဲ့ပြီး အသင်းနဲ့ ပွဲဦးထွက်မှာ ရုန်းကန်ခဲ့ရပေမယ့် ဒီရာသီမှာတော့ သူရဲ့ပြေးအားကောင်းမှု အတိုးအလှုပ်ကောင်းမှုနဲ့ ကြောက်မခန်းလိလိ ဂိုးကန်ချက်တွေကို ထုတ်ဖော်ပြသနိုင်ခဲ့ရင်းနဲ့ သူ့ကို အသင်းကြီးတွေကနေ စိတ်ဝင်စားလာခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ ထရာအိုရေးကို လီဗာပူးလ်အသင်းနဲ့အပြိုင် မန်စီးတီးနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ကနေ စိတ်ဝင်စားလျက်ရှိနေကြပါတယ်။

Photo Credit : Getty Image

လီဗာပူးလ်အသင်းဟာ လာမယ့်ရာသီမှာ အသင်းရဲ့ တိုက်စစ်ပိုင်းကို အင်အားမြှင့်တင်သွားဖို့ရှိနေသလို အသင်းရဲ့ ဆီနီဂေါလက်ရွေးစင် တိုက်စစ်ကစားသမား ဆာဒီယိုမာနေးမှာလည်း ရီးရဲလ်မက်ဒရစ်အသင်းရဲ့ စိတ်ဝင်စားမှုကို လက်ခံရရှိနေတာဖြစ်ကာ ကစားသမားကိုယ်တိုင်ကလည်း အနာဂတ်မရေမရာ ဖြစ်နေတာကြောင့်မို့ ထရာအိုရေးကို ခေါ်ယူဖို့ ပစ်မှတ်ထားလာခဲ့တာ ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် ၂၀၂၀ နှစ်စပိုင်းလောက်ကတည်းက အသင်းနဲ့ သတင်းတွေ ဆက်တိုက်ထွက်ပေါ်နေတဲ့ လိုက်ပ်ဇစ်အသင်းရဲ့ ဂျာမန်လက်ရွေးစင် တိုက်စစ်မှူး တီမိုဝါနာကိုလည်း ပေါင်(၅၂)သန်းနဲ့ ခေါ်ယူဖို့ ရှိနေသေးတာကြောင့် ဒီကစားသမားသစ်ကို ခေါ်ယူဖို့အတွက် လီဗာပူးလ်ဟာ အသင်းက ကစားသမားတချို့ကို မဖြစ်မနေ ရောင်းချဖို့ လိုအပ်နေပါတယ်။ လတ်တလောမှာဆိုရင်တော့ လီဗာပူးလ်အသင်းဟာ နောက်ခံလူကလိုင်းနဲ့ လိုဗရန် ကွင်းလယ်လူများဖြစ်တဲဲ့ လယ်လာနာ ချိန်ဘာလိန် ရှာကွီရီနဲ့ တိုက်စစ်ကစားသမား အော်ရီဂီတို့ကို ရောင်းထုတ်ဖို့ ရှိနေသလို ရောင်းမထုတ်ဖြစ်ရင်တောင်မှ ကစားသမားသစ်ခေါ်ယူရာမှာ အပြောင်းအရွှေ့ တစိတ်တပိုင်းအဖြစ် အလိုက်ပေးဖွယ်ရှိနေပါတယ်။

The post ဝုလ်တောင်ပံကစားသမားကို ပေါင်သန်း(၆၀)နဲ့ ခေါ်ယူဖို့ ပစ်မှတ်ထားနေတဲ့ လီဗာပူးလ် appeared first on MySport Myanmar.