[Unicode]

အိပ်ရေးပျက်တယ်ဆိုတာ တစ်ရက်နှစ်ရက်နဲ့ မသိသာပေမယ့် ရက်ရှည်လများ အိပ်ရေးပျက်လာမယ် ဆိုရင်တော့ ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာမှာပါ ထိခိုက်မှုတွေရှိလာနိုင်ပါတယ်။ အိပ်စက်ခြင်းက လူတစ်ယောက်အတွက် အရမ်းကိုအရေးပါပြီး အရွှယ်ရောက်ပြီးသား လူတစ်ယောက်အတွက် တစ်ရက်ကို အနည်းဆုံး (၇) နာရီအိပ်စက်ဖို့လိုအပ်ပါတယ်။ဒါပေမယ့် သင့်အနေနဲ့ ညဘက်တွေမှာ ကောင်းကောင်း အိပ်ပျော်နိုင်ဖို့ ခက်ခဲနေတယ်ဆိုရင်တော့ အခုပြောပြမယ့်အချက်တွေကို သတိပြုဆင်ခြင်မိဖို့ အကြုံပြု လိုပါတယ်။

(၁) အိပ်စက်မှုပုံစံမှားနေခြင်း

လူတစ်ယောက်အိပ်စက်တဲ့အခါ ခန္ဓာကိုယ်ကသက်တောင့်သက်သာအနေအထားမျိုးမှာ မရှိဘူးဆိုရင် ခန္ဓာကို ယ်အပေါ် ဖိစီးမှုဖြစ်စေပြီး ကောင်းကောင်းအိပ်ပျော်ဖို့ အနှောက်ယှက်ဖြစ်စေပါတယ်။ဒါကြောင့် ကိုယ့်ကိုပိုပြီး သက်တောင့်သက်သာရှိစေမယ့် အိပ်စက်မှုပုံစံအတိုင်းအိပ်သင့်ပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားသည်တိုင် အောင် ကိုယ့်အတွက်သက်တောင့်သက်သာရှိစေတဲ့ အိပ်စက်မှုပုံစံကိုမပြောင်းလဲသင့်ပါဘူး။

(၂) ရေပူဖြင့်ရေချိုးခြင်း

ညအိပ်ခါနီးမှာ ကြက်သီးနွေးခန့်ရေနွေးဖြင့်ရေချိုးခြင်းက သင့်ကိုပိုပြီးစိတ်အပန်းပြေစေမှာဖြစ်သလို ညောင်းညာ ကိုက်ခဲမှုတွေကို လည်းလျော့ကျစေပြီး ကောင်းစွာအိပ်ပျော်ဖို့ ကူညီပေးပါလိမ့်မယ်။သို့သော်လည်း အရမ်းပူတဲ့ ရေနွေးဖြင့် ရေချိုးခြင်း ရေနွေးကန်အတွင်း စိမ်ခြင်းက ခန္ဓာကိုယ်ဇီဝဖြစ်စဉ်ကိုအရှိန်မြင့်တင်ပေးပြီး နိုးကြားတက် ကြွနေကာ ကောင်းစွာအိပ်ပျော်ဖို့ ခက်ခဲသွားလိမ့်မယ်။

(၃) အတွေးလွန်ခြင်း

စိတ်ဖိစီးမှုများနေခြင်းကလည်း အိပ်ပျော်ဖို့ခက်ခဲစေတဲ့အဓိကအကြောင်းအရင်းတစ်ရပ်ဖြစ်ပါတယ်။များသော အားဖြင့် အိပ်ခါနီးအချိန်မှာ တစ်နေ့တာလုံးကြုံတွေ့ခဲ့ရတဲ့ ပြဿနာတွေ စိတ်ကိုဝန်ထုပ်ဝန်ပိုးဖြစ်မယ့် အတွေး တွေကိုတွေးတက်ကြပါတယ်။ ဒါတွေက အိပ်စက်ခြင်းကို အနှောက်အယှက်ဖြစ်စေတဲ့ အရာတွေဖြစ်တာကြောင့် အိပ်ခါ နီးအချိန်မှာအတက်နိုင်ဆုံး မကောင်းတဲ့အတွေးတွေ စိတ်ဖိစီးစရာတွေရှင်းထုတ်ထားသင့်ပါတယ်။

(၄) ဖုန်းတွေအသုံးပြုခြင်း

ညဘက်အိပ်မပျော်တဲ့အခါ အများစုက ဖုန်းလေးတွေပွတ်ပြီး အိပ်ချင်လာအောင် လုပ်တက်ကြပါတယ်။တ ကယ်တော့ ဖုန်းကထွက်တဲ့ ရောင်ခြည်တန်းတွေက သင့်ရဲ့ အိပ်ချင်စိတ်ကိုပိုပြီးတောင်အချိန်ကြာကြာဆွဲ ဆန့်ထားမှာဖြစ်ပါတယ်။ဒါကြောင့် အိပ်ယာထဲရောက်ပြီးမှ အိပ်မပျော်ဘူးဆိုရင် ဖုန်းတွေသုံးမယ့်အစား စာအုပ် တစ်အုပ်လောက်သာကောက်ကိုင်ပြီးဖတ်လိုက်ပါ။

(၅) အိပ်ချိန်နီးမှ လေ့ကျင့်ခန်းလုပ်ခြင်း

အိပ်ယာဝင်မယ့်အချိန်နဲ့နီးကပ်ပြီး လေ့ကျင့်ခန်းလုပ်ခြင်းက ခန္ဓာကိုယ်ကိုပင်ပန်းစေပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ် ပျော်စေတယ်လို့ ထင်တက်ကြပါတယ်။တကယ်တော့ အိပ်ချိန်နဲ့ နီးပြီးလေ့ကျင်ခန်းလုပ်မယ်ဆိုရင် ခန္ဓာကိုယ် ကိုပိုပြီး တက်ကြွစေကာ အိပ်ပျော်မှာမဟုတ်တော့ပါဘူး။ဒါ့ကြောင့် အနည်းဆုံးအိပ်ချိန်နဲ့ (၂) နာရီခန့်ခြားပြီး လေ့ကျင့်ခန်းပြုလုပ်သင့်ပါတယ်။

[Zawgyi]

အိပ္ေရးပ်က္တယ္ဆိုတာ တစ္ရက္ႏွစ္ရက္နဲ႔ မသိသာေပမယ့္ ရက္ရွည္လမ်ား အိပ္ေရးပ်က္လာမယ္ ဆိုရင္ေတာ့ ႐ုပ္ပိုင္းဆိုင္ရာသာမက စိတ္ပိုင္းဆိုင္ရာမွာပါ ထိခိုက္မႈေတြရွိလာႏိုင္ပါတယ္။ အိပ္စက္ျခင္းက လူတစ္ေယာက္အတြက္ အရမ္းကိုအေရးပါၿပီး အ႐ႊယ္ေရာက္ၿပီးသား လူတစ္ေယာက္အတြက္ တစ္ရက္ကို အနည္းဆုံး (၇) နာရီအိပ္စက္ဖို႔လိုအပ္ပါတယ္။ဒါေပမယ့္ သင့္အေနနဲ႔ ညဘက္ေတြမွာ ေကာင္းေကာင္း အိပ္ေပ်ာ္ႏိုင္ဖို႔ ခက္ခဲေနတယ္ဆိုရင္ေတာ့ အခုေျပာျပမယ့္အခ်က္ေတြကို သတိျပဳဆင္ျခင္မိဖို႔ အႀကဳံျပဳ လိုပါတယ္။

(၁) အိပ္စက္မႈပုံစံမွားေနျခင္း

လူတစ္ေယာက္အိပ္စက္တဲ့အခါ ခႏၶာကိုယ္ကသက္ေတာင့္သက္သာအေနအထားမ်ိဳးမွာ မရွိဘူးဆိုရင္ ခႏၶာကို ယ္အေပၚ ဖိစီးမႈျဖစ္ေစၿပီး ေကာင္းေကာင္းအိပ္ေပ်ာ္ဖို႔ အေႏွာက္ယွက္ျဖစ္ေစပါတယ္။ဒါေၾကာင့္ ကိုယ့္ကိုပိုၿပီး သက္ေတာင့္သက္သာရွိေစမယ့္ အိပ္စက္မႈပုံစံအတိုင္းအိပ္သင့္ၿပီး ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္သြားသည္တိုင္ ေအာင္ ကိုယ့္အတြက္သက္ေတာင့္သက္သာရွိေစတဲ့ အိပ္စက္မႈပုံစံကိုမေျပာင္းလဲသင့္ပါဘူး။

(၂) ေရပူျဖင့္ေရခ်ိဳးျခင္း

ညအိပ္ခါနီးမွာ ၾကက္သီးေႏြးခန႔္ေရေႏြးျဖင့္ေရခ်ိဳးျခင္းက သင့္ကိုပိုၿပီးစိတ္အပန္းေျပေစမွာျဖစ္သလို ေညာင္းညာ ကိုက္ခဲမႈေတြကို လည္းေလ်ာ့က်ေစၿပီး ေကာင္းစြာအိပ္ေပ်ာ္ဖို႔ ကူညီေပးပါလိမ့္မယ္။သို႔ေသာ္လည္း အရမ္းပူတဲ့ ေရေႏြးျဖင့္ ေရခ်ိဳးျခင္း ေရေႏြးကန္အတြင္း စိမ္ျခင္းက ခႏၶာကိုယ္ဇီဝျဖစ္စဥ္ကိုအရွိန္ျမင့္တင္ေပးၿပီး ႏိုးၾကားတက္ ႂကြေနကာ ေကာင္းစြာအိပ္ေပ်ာ္ဖို႔ ခက္ခဲသြားလိမ့္မယ္။

(၃) အေတြးလြန္ျခင္း

စိတ္ဖိစီးမႈမ်ားေနျခင္းကလည္း အိပ္ေပ်ာ္ဖို႔ခက္ခဲေစတဲ့အဓိကအေၾကာင္းအရင္းတစ္ရပ္ျဖစ္ပါတယ္။မ်ားေသာ အားျဖင့္ အိပ္ခါနီးအခ်ိန္မွာ တစ္ေန႔တာလုံးႀကဳံေတြ႕ခဲ့ရတဲ့ ျပႆနာေတြ စိတ္ကိုဝန္ထုပ္ဝန္ပိုးျဖစ္မယ့္ အေတြး ေတြကိုေတြးတက္ၾကပါတယ္။ ဒါေတြက အိပ္စက္ျခင္းကို အေႏွာက္အယွက္ျဖစ္ေစတဲ့ အရာေတြျဖစ္တာေၾကာင့္ အိပ္ခါ နီးအခ်ိန္မွာအတက္ႏိုင္ဆုံး မေကာင္းတဲ့အေတြးေတြ စိတ္ဖိစီးစရာေတြရွင္းထုတ္ထားသင့္ပါတယ္။

(၄) ဖုန္းေတြအသုံးျပဳျခင္း

ညဘက္အိပ္မေပ်ာ္တဲ့အခါ အမ်ားစုက ဖုန္းေလးေတြပြတ္ၿပီး အိပ္ခ်င္လာေအာင္ လုပ္တက္ၾကပါတယ္။တ ကယ္ေတာ့ ဖုန္းကထြက္တဲ့ ေရာင္ျခည္တန္းေတြက သင့္ရဲ႕ အိပ္ခ်င္စိတ္ကိုပိုၿပီးေတာင္အခ်ိန္ၾကာၾကာဆြဲ ဆန႔္ထားမွာျဖစ္ပါတယ္။ဒါေၾကာင့္ အိပ္ယာထဲေရာက္ၿပီးမွ အိပ္မေပ်ာ္ဘူးဆိုရင္ ဖုန္းေတြသုံးမယ့္အစား စာအုပ္ တစ္အုပ္ေလာက္သာေကာက္ကိုင္ၿပီးဖတ္လိုက္ပါ။

(၅) အိပ္ခ်ိန္နီးမွ ေလ့က်င့္ခန္းလုပ္ျခင္း

အိပ္ယာဝင္မယ့္အခ်ိန္နဲ႔နီးကပ္ၿပီး ေလ့က်င့္ခန္းလုပ္ျခင္းက ခႏၶာကိုယ္ကိုပင္ပန္းေစၿပီး ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ ေပ်ာ္ေစတယ္လို႔ ထင္တက္ၾကပါတယ္။တကယ္ေတာ့ အိပ္ခ်ိန္နဲ႔ နီးၿပီးေလ့က်င္ခန္းလုပ္မယ္ဆိုရင္ ခႏၶာကိုယ္ ကိုပိုၿပီး တက္ႂကြေစကာ အိပ္ေပ်ာ္မွာမဟုတ္ေတာ့ပါဘူး။ဒါ့ေၾကာင့္ အနည္းဆုံးအိပ္ခ်ိန္နဲ႔ (၂) နာရီခန႔္ျခားၿပီး ေလ့က်င့္ခန္းျပဳလုပ္သင့္ပါတယ္။

Reference Source : Brightside

The post သင့္ရဲ႕အိပ္စက္ျခင္းကို ပိုမိုခက္ခဲသြားေစႏိုင္တဲ့ အရာမ်ား appeared first on MyHealth Myanmar.